Scale and Dimensions
Scale and Dimensions
အပြင်မှာဆောက်တဲ့ အဆောက်အဦးအတိုင်း ကျွန်တော်တို့ရဲ့ software တွေ၊ drawing စာရွက်တွေမှာ နေရာလာချလို့ မရပါဘူး။ building တစ်ခုလုံးစာအတွက် view တွေမှာ scale လိုက်ချိန်ရပါမယ်။
စကေးဆိုတာက တန်ဖိုးတစ်ခုနဲ့ အခြား တန်ဖိုးတစ်ခုကို ကိုယ်စားပြု ဖော်ပြတဲ့ အချိုးတွေဖြစ်ပါတယ်။
Architectual scale တွေမှာ သုံးလေ့ သုံးထရှိတဲ့ format တစ်ခုက လက်မတန်ဖိုးကို ပေနဲ့ ညီတယ်လို့ ဖော်ပြခြင်းဖြစ်ပါတယ်။ ဥပမာ ကျွန်တော်တို့ရဲ့ drawing ထဲက title block မှာ 1/8" = 1'-0" လို့ရေးတယ်ဆိုပါစို့။ အဲဒါဟာ တကယ်တမ်း 1:96 စကေးနဲ့ ညီတယ်လို့ ဆိုလိုပါတယ်။ ဘာလို့လည်း ဆိုတော့ တစ်ပေမှာ 1/8 လက်မပေါင်း ၉၆ခါရှိပါတယ်(12x8=96)
ဆိုလိုတာက 1/8”=1’ စကေးနဲ့ ဆွဲထားတဲ့ drawing တစ်ခုမှာ လေ့လာသူတို့ရဲ့ drawing ထဲက အရာအားလုံးကို အပြင်ထက် ကိုးဆယ့်ခြောက်ဆ ချုံ့ပြီးဆွဲတယ်လို့ ဖြစ်ပါတယ်။ပေတံ(သို့မဟုတ်) ပေကြိုးလေးရှိရင် drawing ထဲက object တွေကို ကြည့်ပြီး လိုက်တိုင်းကြည့်ရင် အားလုံးကို 1/8”တိုင်းမှာ တစ်ပေအဖြစ်တွေ့ရပါမယ်။
Revit မှာ view scale တွေ၊ sheet နဲ့ viewport တွေ အားလုံးမှာ အလိုအလျောက် ပြောင်းပေးနိုင်တဲ့ စနစ်ပါဝင်ပါတယ်။
Revit မှာ dimension style က font,text size, line weightနဲ့ pattern တွေ၊ တိုင်းတာတဲ့ အမှတ်တွေကို ကိုယ်စားပြုပေးတဲ့ အမှန်ခြစ် အမှတ်အသားပုံတွေ၊ အရွယ်အစားတွေလိုမျိုး dimension တွေရဲ့ appearance ကို control လုပ်ပါတယ်။ print တွေဘာတွေ ထုတ်ဖို့အတွက် sheet ထဲမှာ viewport တွေကို နေရာချတဲ့အခါမှာ dimension scale တွေက အခြားသော view contenet တွေနဲ့အတူ စကေးကို လိုက်ညှိပေးပါတယ်။
1 comments