Drawing Units
Drawing Units
Mechanical drawing တွေလိုမျိုးပဲ၊ Architectural drawing တွေမှာ structure တစ်ခုရဲ့ အရွယ်အစားနဲ့ သူရဲ့ component တွေဖြစ်တဲ့ နံရံတွေ၊တံခါးတွေ၊ပြတင်းပေါက်တွေကို သတ်မှတ်(define)ဖို့ ယူနစ်စနစ်တစ်ခုကို အသုံးပြုရမယ်။
ယူနစ်ဆိုတာ အဖွဲ့အစည်းတစ်ခုက မွေးစားထားတဲ့၊လက်ခံကျင့်သုံးတဲ့ physical quantity တစ်ခုကို ခေါ်တာပါ။ ပစ္စည်းကတော့ ဒီတစ်ခုပဲ။ ဒါပေမယ့် တိုင်းတဲ့စနစ်ကွာသွားတာနဲ့ အမျှ တန်ဖိုးတွေ ကွဲပြားစွာ ထွက်လာပါမယ်။
ဥပမာ ရန်ကုန်က သမိုင်းဝင် အဆောက်အဦးကြီးတစ်ခုရဲ့ အမြင့်တန်ဖိုးကို h = 169 m = 555 ft လို့ရေးရင် h ဟာ physical quantity တစ်ခုဖြစ်ပြီးတော့ သူ့ရဲ့ တန်ဖိုးကို မီတာနဲ့ဖော်ပြဖို့ “m”ဆိုတဲ့ သင်္ကေတကို သုံးပါတယ်။ သူ့ရဲ့ ဂဏန်းတန်ဖိုး(numerical value)ကတော့ မီတာဆိုတဲ့ ယူနစ်နဲ့ဆိုရင် 169 ဖြစ်တယ်။ သဘောအတူတူပါပဲ။ ft ဆိုတဲ့ ယူနစ် သင်္ကေတနဲ့ ပြရာမှာ 555 ft ဟာ ဂဏန်းတန်ဖိုး 555နဲ့ ပေဆိုတဲ့ ယူနစ်ကို ပေါင်းစပ်ထားတာဖြစ်ပါတယ်။
Architectural ပုံတွေဆွဲရာမှာ ယူနစ်တွေကို ဒိုင်မန်းရှင်းအဖြစ် ထည့်ပါတယ်။ ဒိုင်မန်းရှင်းကို အရွယ်အစား(size)နဲ့ တည်နေရာ(location)ဆိုပြီး အခြေခံ အမျိုးအစားနှစ်ခုခွဲပါတယ်။ size dimension တွေက object တစ်ခုရဲ့ overall size ကို ဖော်ပြပြီးတော့ location dimension ကတော့ object တစ်ခု(သို့) structure တစ်ခုရဲ့ တကယ့်တည်နေရာကို ညွန်ပြပါတယ်။
နိုင်ငံတကာက အာခီတက်အများစုက International System လို့လည်း အသိများတဲ့ metric system ကို သုံးပြီး ပုံတွေဆွဲကြပါတယ်။ မြန်မာပြည်မှာတော့ ဆောက်လုပ်ရေး industry မှာ English(သို့မဟုတ်) imperial စနစ်(ပေ၊လက်မ)ကို နေရာတိုင်းနီးပါးမှာ သုံးနေကြတုန်းပါပဲ။
အာခီတက်အချို့ကတော့ room size တွေ၊ wall height တွေကို သတ်မှတ်ထည့်သွင်းဖို့ metric dimension တွေကို သုံးနေစဉ်မှာပဲ stud bolt တွေရဲ့ width အကျယ်ကို ဖော်ပြရာမှာတော့(2 x 4)ဆိုပြီးတော့ imperial ယူနစ်ကို သုံးကြပြန်တယ်။ အခြားနည်းလမ်းတစ်ခုကတော့ dual notation လို့ခေါ်တဲ့ drawing တွေမှာ ယူနစ် နှစ်ခုနဲ့ ဖော်ပြတာပါ။ dimension တွေ အားလုံးကို metric နဲ့ရော၊ imperial နဲ့ရော ပြပေးကြတယ်။
ဒါပေမယ့် မြန်မာနိုင်ငံမှာပဲ ပြန်ကြည့်ရင်… consultant တွေ၊ government agency တွေနဲ့ ထိတွေ့ဆက်ဆံ အလုပ်လုပ်ရာမှာ လွယ်ကူအောင် imperial unit ကိုပဲ ဆက်သုံးနေတာကို သတိပြုသင့်ပါတယ်။
1 comments