Standard နဲ့ Building Code များ

Standard နဲ့ Building Code များ


သင်ခန်းစာနဲ့ပတ်သတ်လို့ အစပိုင်းမှာကတည်းက ပြောထားလိုတာက key term တွေကို မူရင်း အင်္ဂလိပ်လို ကြည့်ပြီးတော့ နားလည်သဘောပေါက်အောင် ကြိုးစားဖို့ တိုက်တွန်းလိုပါတယ်။ အထူးသဖြင့် Autodesk အသိအမှတ်ပြု certificate မျိုး ရအောင် စာမေးပွဲဖြေမယ့်သူတွေ၊ နိုင်ငံတကာ ကုမ္ပဏီတွေမှာ လုပ်ဖို့ ရည်ရွယ်သူတွေ အတွက် အထူးလိုအပ်ပါတယ်။

Building Codes

တပြေးညီ building code တွေ ထည့်သွင်းခြင်းက အဆောက်အဦး ဒီဇိုင်းအတွက် rules တွေကို အခြေခိုင်အောင် လုပ်ပေးပါတယ်။ rule တွေဆိုတာ လူတွေအတွက် ဘေးကင်း လုံခြုံတဲ့ အဆောက်အဦးတွေ တည်ဆောက်နိုင်အောင် ကူညီဖို့ ဖြစ်ပါတယ်။ မင်းဒါကိုလုပ်၊မလုပ်ရင် ထောင်ချမယ်၊ လိုင်စင်သိမ်းမယ် စသည်ဖြင့် အရေးယူမှု ဦးစားပေး အာဏာရှင် စနစ်မဟုတ်ပါဘူး။ နိုင်ငံကြီးတွေမှာတော့ ပြည်နယ်အများစုမှာ သူတို့ သက်ဆိုင်ရာ building code သီးသန့် ထပ်ခွဲပါတယ်။ ပြည်နယ်ရဲ့ လူမှု ပြဿနာတွေ၊ပတ်ဝန်းကျင် အနေအထားတွေကို ထောက်ရှုပြီးတော့ ခွဲထုတ်တာ သဘာဝကျပြီးတော့ လက်တွေ့ပိုဆန်ပါတယ်။

ဒီ building code တွေထဲမှာ အိပ်ခန်း၊ရေချိုးခန်း၊အများဆိုင်နေရာ(ဧည့်ခန်း၊မိသားစုခန်းလိုမျိုး)၊ ကားဂိုထောင်စတာတွေမှာ ပါဝင်ထည့်သွင်းရမယ့် အရာတွေကို ဖွင့်ဆိုထားတယ်။ ဥပမာ-အိပ်ခန်းရယ်လို့ သတ်မှတ်မယ့် အခန်းတစ်ခုမှာ အနည်းဆုံး တံခါးတစ်ခု၊ပြတင်းပေါက်တစ်ခုနဲ့ ဗီဒိုတစ်ခုစီ ရှိကို ရှိရမယ်။ကားဂိုဒေါင်ဟာ လုံးဝကို အလုံပိတ်ဖြစ်ရမယ်။ မဟုတ်ရင် ဘေးထွက်နေတဲ့ အဖီလို့ သတ်မှတ်မယ်။ 

Building code ရှိရခြင်းရဲ့ နောက်ဥပမာကောင်းတစ်ခုက အိပ်ခန်း ပြတင်းပေါက်တွေဟာ ကြမ်းပြင်ရဲ့ အထက်မှာ ထားရှိရမယ်။ အပြင်ဘက်နံရံတွေနဲ့ ထိစပ်နေတဲ့ အိပ်ခန်းတစ်ခုစီ(သို့)အပေါ်ထပ်က ကြမ်းပြင်တွေရဲ့ အထက်မှာ မီးသတ်သမားက မီးသတ်လွယ်အိတ်(backpack)နဲ့ အလွယ်တကူ ဝင်ရောက်နိုင်လောက်အောင် ပြတင်းပေါက်တွေဟာ ကျယ်ဝန်းရမယ်။ အကယ်လို့ မီးလောင်ရင် မီးသတ်သမားဟာ အခန်းထဲကို အလွယ်တကူ ဝင်ရောက်ပြီး မီးသတ်နိုင်ရမယ်၊အထဲကလူတွေကို ကယ်ထုတ်နိုင်ရမယ်။ 


Discussion

0 comments