Buildings Across Time An Introduction to World Architecture ဆိုတဲ့ စာအုပ်လေးကတော့ ဗိသုကာအနုပညာကို စိတ်ဝင်စားသူမည်သူမဆို လေ့လာလိုက်စားလို့ရအောင် ကမ္ဘာ့ကျော်ဗိသုကာလက်ရာမြောက်အဆောက်အဦးတွေရဲ့သမိုင်းကြောင်းတွေနဲ့ ၎င်းတို့ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံတွေကို စုံလင်စွာဖော်ပြထားပါတယ်။ စာအုပ်ထဲမှာ အနောက်တိုင်းရှေးအဆောက်အဦးတွေကစလို့ အာဖရိက၊ တရုတ်၊ အရှေ့တောင်အာရှ၊ ရုရှား၊ ဂျပန်စသဖြင့် ကမ္ဘာတဝှမ်းမှာရှိတဲ့ နိုင်ငံတွေရဲ့ လက်ရာမြောက်အဆောက်အအုံတွေကို အသေးစိတ်ဖော်ပြထားတာမို့ အလွန်စိတ်ဝင်စားစရာကောင်းတဲ့ စာအုပ်ပါ။

ပညာရှင်တွေရဲ့ အဆောက်အဦးတွေအပေါ် အမြင်သုံးသပ်ချက်တွေကို အနုစိတ်အလေးပေးရေးသားထားတာကြောင့် ဗိသုကာပညာကိုလေ့လာသူတွေအနေနဲ့ မှတ်သားစရာ ဗဟုသုတတွေရမှာ အမှန်ပါပဲ။ ကမ္ဘာကျော်လက်ရာမြောက်အဆောက်အဦးတွေဟာ လှပရုံ၊ အသုံးပြုရရုံလောက်လေး တည်ဆောက်ထားတာမဟုတ်ပဲ တကယ်ကို စိတ်ကူးဉာဏ်ကောင်းတွေနဲ့ ဒီဇိုင်းထွင်ပြီး ရေရှည်ခိုင်ခံအောင် ဗိသုကာပညာရှင်တို့ ကြိုးပမ်းအားထုတ်ထားတွေကို ဒီစာအုပ်ထဲမှာလေ့လာသိရှိခွင့်ရမှာဖြစ်ပါတယ်။ Form လေးဖြည့်ပြီးတဲ့အခါ Download Link ထွက်လာပါလိမ့်မယ်။