AutoCAD 3D တခုတည်းကိုပဲ ‌လေ့ကျင့် သင်ကြားလိုသူများ အတွက် Exercise Workbook တခုအနေနဲ့ ဒီဇိုင်းရေးဆွဲပြီး သင်ကြားထားတဲ့ စာအုပ်တအုပ်ဖြစ်ပါတယ်။ သင်ခန်းစာ အခန်း-၈ခန်းနဲ့ Modeling ဆွဲဖို့ Project လေးခုပါ၀င်ပြီး ပုံလေးတွေနဲ့ တဆင့်ဆီ သင်ကြားထားလို့ အင်္ဂလိပ်စာ အားနည်းတဲ့သူဆိုရင်တောင် အလွယ်တကူ လေ့ကျင့်နိုင်လို အဆင်ပြေတယ်။

သင်ခန်းစာတခုဆီမှာ 3D solid model တွေ ဖန်တီးမှု အဆင့်ဆင့်နဲ့ အသုံးပြုရမယ့် Command တွေကို စာဖတ်သူ နားလည်လွယ်အောင် ထည့်ပေးထားတယ်။ modeling project တွေဆိုရင်လည်း ရှုပ်ထွေးတဲ့ 3D model တွေကို အခန်းတခန်းဆီမှာ သင်ခဲ့တဲ့ command တွေကို ပြန်မှတ်မိအောင်ပါ ချိတ်ဆက်ပြီး ပေါင်းစပ် သင်ကြားထားတဲ့ အတွက် command တွေလည်း ကျွမ်း၊ ဆွဲရမယ့် ပုံလည်း သပ်သပ်ရပ်ရပ် ပြီးစီးအောင်အထိ သင်ထားလို့ မြန်မာပြည်က အင်ဂျင်နီယာ ပုံဆွဲအတတ်ကို လေ့လာနေသူတွေရော၊ စာသင်ကြားသူတွေပါ Reference ယူ၊ လေ့ကျင့်သင်ကြားတဲ့ စာအုပ်တအုပ်လည်း ဖြစ်ပါတယ်။ Form လေးဖြည့်ပြီးတဲ့အခါ Download Link ထွက်လာပါလိမ့်မယ်။